4. Dīghanakhasuttaṃ (MN 74)
No
Myanmar Pāḷi
Nissaya
Roman Pāḷi
Translation
Remark
1
ဣဒံ သုတ္တံ၊
ဤဒီဃနခသုတ်ကို။
idaṃ suttaṃ,
This Dīghanakha Sutta/ this discourse of Dīghanakha
2
မေ မယာ၊
အကျွန်ုပ်အာနန္ဒာသည်။
me mayā,
I (Ānandā)
3
ဘဂဝတော၊
မြတ်စွာဘုရား၏။
bhagavato,
of the Buddha
4
သမ္မုခါ၊
မျက်မှောက်တော်မှ။
sammukhā,
at the presence
6
သုတံ၊
ကြားအပ်ပါ၏။
sutaṃ,
have heard/noted
7
ကိံ သုတံ၊
အဘယ်သို့ ကြားအပ်ပါသနည်း။
kiṃ sutaṃ,
how it was heard/ how I have heard/ noted?
9
သမယံ၊
အခါ၌။
samayaṃ,
upon a time
10
ဘဂဝါ၊
မြတ်စွာဘုရားသည်။
bhagavā,
the Buddha
11
ရာဇဂဟေ၊
ရာဇဂြိုဟ်ပြည်၌။
rājagahe,
in Rājagaha
12
ဂိဇ္ဈကူဋေ ပဗ္ဗတေ၊
ဂိဇ္ဈကုဋ်တောင်၌။
gijjhakūṭe pabbate,
at the Gijjhakūṭa mountain
13
သူကရခတာယံ၊
ဝက်သည်တူးအပ်သောလိုဏ်၌။
sūkarakhatāyaṃ,
in a cave dug by a boar
14
ဝိဟရတိ၊
နေတော်မူ၏။
viharati,
resides
15
အထ ခေါ၊
ထိုအခါ၌။
atha kho,
at the time
16
ဒီဃန ခေါ၊
ဒီဃနခအမည်ရှိသော။
dīghana kho,
by the name of Dīghanakha
17
ပရိဗ္ဗာဇကော၊
ပရိဗိုဇ်သည်။
paribbājako,
an ascetic
18
ယေန၊
အကြင်အရပ်၌။
yena,
where
19
ဘဂဝါ၊
မြတ်စွာဘုရားသည်။
bhagavā,
the Buddha
20
အတ္ထိ၊
ရှိတော်မူ၏။
atthi,
is
21
တေန၊
ထိုမြတ်စွာဘုရားရှိတော်မူရာအရပ်သို့။
tena,
there
22
ဥပသင်္ကမိ၊
ကပ်လေ၏။
upasaṅkami,
approaches
23
ဥပသင်္ကမိတွာ၊
ကပ်လေပြီး၍။
upasaṅkamitvā,
having approached
24
ဘဂဝတာ၊
မြတ်စွာဘုရားနှင့်။
bhagavatā,
with the Buddha
25
သဒ္ဓိံ၊
တကွ။
saddhiṃ,
together
26
သမ္မောဒိ၊
ဝမ်းမြောက်ဝမ်းသာ ပြောဟော၏။
sammodi,
exchanges friendly greetings
27
သမ္မောဒိနီယံ၊
ဝမ်းမြောက်ဝမ်းသာ ပြော ဟောအပ်သော။
sammodinīyaṃ,
being exchanged friendly greetings
28
သာရဏီယံ၊
အသက်ထက်ဆုံး အောက်မေ့အပ်သော။
sāraṇīyaṃ,
being remembered till death
29
ကထံ၊
စကားကို။
kathaṃ,
the word/ conversation
30
ဝီတိသာရေတွာ၊
ပြီးဆုံးစေ၍။
vītisāretvā,
making to complete
31
ဧကမန္တံ၊
သင့်တင့်လျောက်ပတ်သော အရပ်၌။
ekamantaṃ,
in a suitable place
32
အဋ္ဌာသိ၊
ရပ်လေ၏။
aṭṭhāsi,
stands
33
ဧကမန္တံ၊
သင့်တင့်လျောက်ပတ်သော အရပ်၌။
ekamantaṃ,
in a suitable place
34
ဌိတော ခေါ၊
ရပ်ပြီးသော။
ṭhito kho,
having stood
35
ဒီဃန ခေါ၊
ဒီဃနခမည်ရှိသော။
dīghana kho,
(named) dīghanakha
36
ပရိဗ္ဗဇကော၊
ပရိဗိုဇ်သည်။
paribbajako,
the ascetic
37
ဘဂဝန္တံ၊
မြတ်စွာဘုရားကို။
bhagavantaṃ,
to the Buddha
38
ဧတံ ဝစနံ၊
ဤစကားကို။
etaṃ vacanaṃ,
this word/speech
39
အဝေါစ၊
လျှောက်၏။
avoca,
says
40
ကိံ အဝေါစ၊
အဘယ်သို့ လျှောက်သနည်း။
kiṃ avoca,
how he says?
41
ဘော ဂေါတမ၊
အရှင်ဂေါတမ။
bho gotama,
Oh, Gotama
42
မေ၊
အကျွန်ုပ်အား။
me,
for me
43
သဗ္ဗံ၊
အလုံးစုံကို။
sabbaṃ,
all
44
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable
46
အဟံ ဟိ၊
အကျွန်ုပ်သည်သာလျှင်။
ahaṃ hi,
only I
47
ဧဝံ ဝါဒီ၊
ဤသို့ဆိုလေ့ရှိသည်။
evaṃ vādī,
saying thus
48
ဧဝံ ဒိဋ္ဌိ၊
ဤသို့ယူလေ့ရှိသည်။
evaṃ diṭṭhi,
viewing/believing thus
51
အဝေါစ၊
လျှောက်၏။
avoca,
says
52
အဂ္ဂိဝဿေန၊
အဂ္ဂိဝေဿန။
aggivassena,
Aggivessana,
55
သဗ္ဗံ၊
အလုံးစုံ ပဋိသန္ဓေယူ၏ ဟူသော အယူကို။
sabbaṃ,
the view believing that all are conceived
56
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable (should not accept)
58
ယာပိ ဧသာ ဒိဋ္ဌိ၊
အကြင်ရှေး၌ ဖြစ်သော အယူသည်လည်း။
yāpi esā diṭṭhi,
the view that happened before
59
အတ္ထိ၊
ရှိ၏။
atthi,
(there) is
60
ဧသာ ပိ ဒိဋ္ဌိ၊
ထိုရှေး၌ ဖြစ်သော အယူကိုလည်း။
esā pi diṭṭhi,
the view that happened before too
61
တေ၊
သင်ဒီဃနခပရိဗိုဇ်သည်။
te,
for you (Dighanakha ascetic)
62
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable
63
တေ၊
သင်ဒီဃာနခပရိဗိုဇ်၏။
te,
(in) your
64
ဝစနေ၊
စကား၌။
vacane,
(in) word
65
အတ္ထော၊
အနက်သည်။
attho,
the meaning
66
အာပဇ္ဇတိ၊
ရောက်ခဲ့၏။
āpajjati,
gets into
68
အဝေါစ၊
မိန့်တော်မူ၏။
avoca,
says
69
ဘော ဂေါတမ၊
အရှင်ဂေါတမ။
bho gotama,
Oh, Gotama
70
ဧသာ ပိ ဒိဋ္ဌိ၊
ထိုရှေး၌ ဖြစ်ဘူးသော အယူကိုလည်း။
esā pi diṭṭhi,
the view that happened before
71
ခမေယျ၊
နှစ်သက်သည်ဖြစ်အံ့။
khameyya,
(if it) may be agreeable
72
တံ ပိ၊
ထိုရှေးနှစ်သက်၍ယူသောအယူသည်လည်း။
taṃ pi,
the view that happened before too
73
တာဒိသမေဝ၊
ထိုပဋိသန္ဓေယူခြင်းသဘော ရှိသည်သာလျှင်။
tādisameva,
having the meaning of being conceived (of rebirth)
75
တံပိ၊
ထိုနောက်အယူသည်လည်း။
taṃpi,
the view that happened later too
76
တာဒိသမေဝ၊
ထိုပဋိသန္ဓေယူခြင်းသဘော ရှိသည်သာလျှင်။
tādisameva,
having the meaning of being conceived
79
အဝေါစ၊
လျှောက်လေ၏။
avoca,
says
80
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
81
ယေ၊
အကြင်သူတို့သည်။
ye,
some people
82
ပဇဟန္တိ၊
ပယ်နိုင်ကုန်၏။
pajahanti,
are able to abandon
83
အတော တေဟိ၊
ထိုပယ်နိုင်သောသူတို့ထက်။
ato tehi,
rather than those who are able to abandon
85
တေ၊
ထိုမပယ်နိုင်သောသူတို့သည်။
te,
those who are not able to abandon
86
လောကသ္မိံ၊
လောက၌။
lokasmiṃ,
in the world
87
ဗဟူဟိ ဗဟုတရာ၊
အလွန်များကုန်၏။
bahūhi bahutarā,
(there) are many more
88
ယေ၊
အကြင်သူတို့သည်။
ye,
some people
90
အာဟံသု၊
ဆိုကုန်၏။
āhaṃsu,
say
91
ကိံ အာဟံသု၊
အဘယ်သို့ ဆိုကုန်သနည်း။
kiṃ āhaṃsu,
how they say?
92
တံပိ၊
ထိုရှေးအယူသည်လည်း။
taṃpi,
the view that happened before too
93
တာဒိသမေဝ၊
ထိုပဋိသန္ဓေယူခြင်းသဘောရှိသည်သာလျှင်။
tādisameva,
having the meaning of being conceived
95
တံပိ၊
ထိုနောက်အယူသည်လည်း။
taṃpi,
the view that happened later too
96
တာဒိသမေဝဝ၊
ထိုပဋိသန္ဓေယူခြင်းသဘော ရှိကုန်သည်သာလျှင်။
tādisamevava,
having the meaning of being conceived
98
ဣတိ ဧဝံ၊
ဤသို့။
iti evaṃ,
thus
99
အာဟံသု၊
ဆိုကုန်၏။
āhaṃsu,
say
100
တေ၊
ထိုသူတို့သည်။
te,
those people
101
တဉ္စေဝ ဒိဋ္ဌိံ၊
ထိုအယူကိုလည်း။
tañceva diṭṭhiṃ,
the views too
102
ဥပါဒိယန္တိ၊
စွဲလမ်းကုန်၏။
upādiyanti,
cling to
103
အဂ္ဂိဝေဿန၊
အဂ္ဂိဿေန။
aggivessana,
Aggivessana,
104
ယေ၊
အကြင်သူတို့သည်။
ye,
some people
105
န ပဇဟန္တိ၊
မပယ်စွန့်ကုန်။
na pajahanti,
do not abandon
106
အတော တေဟိ၊
ထိုမပယ်စွန့်ကုန်သောသူတို့ထက်။
ato tehi,
rather than those who do not abandon
107
ခေါ၊
စင်စစ်။
kho,
in fact
108
တေ၊
ထိုပယ်စွန့်နိုင်ကုန်သော သူတို့သည်။
te,
those who are not able to abandon
109
လောကသ္မိံ၊
လောက၌။
lokasmiṃ,
in the world
110
တနုဟိ တနုတရာ၊
အလွန်နည်းကုန်၏။
tanuhi tanutarā,
(there) are very little
111
ယေ၊
အကြင်သူတို့သည်။
ye,
some people
113
အာဟံသု၊
ဆိုကုန်၏။
āhaṃsu,
say
114
ကိံ အာဟံသု၊
အဘယ်သို့ ဆိုကုန်သနည်း။
kiṃ āhaṃsu,
how they say?
115
တံပိ၊
ထိုရှေးအယူသည်လည်း။
taṃpi,
the view that happened before
116
တာဒိသမေဝ၊
ထိုပဋိသန္ဓေယူခြင်းသဘော ရှိသည်သာလျှင်။
tādisameva,
having the meaning of being conceived
117
အဿ၊
ဖြစ်ခဲ့ရာ၏။
assa,
might be
118
တံပိ၊
ထိုနောက်အယူသည်သလည်း။
taṃpi,
the view that happened later too
119
တာဒိသမေဝ၊
ထိုပဋိသန္ဓေယူခြင်း သဘော ရှိသည်သာလျှင်။
tādisameva,
having the meaning of being conceived
120
အဿ၊
ဖြစ်ခဲ့ရာ၏။
assa,
might be
121
ဣတိ ဧဝံ၊
ဤသို့။
iti evaṃ,
thus
122
အာဟံသု၊
ဆိုကုန်၏။
āhaṃsu,
say
123
တေ၊
ထိုသူတို့သည်။
te,
those people
124
တဉ္စေဝ ဒိဋ္ဌိံ၊
ထိုအယူကိုလည်း။
tañceva diṭṭhiṃ,
that view too
125
ပဇဟန္တိ၊
ပယ်စွန့်ကုန်၏။
pajahanti,
abandon
126
အညဉ္စ ဒိဋ္ဌိံ၊
တစ်ပါးသောအယူကိုလည်း။
aññañca diṭṭhiṃ,
another view too
127
န ဥပါဒိယန္တိ၊
မစွဲလွမ်းကုန်။
na upādiyanti,
do not cling to
128
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန၊
aggivessana,
Aggivessana,
129
သဗ္ဗံ၊
အလုံစုံပဋိသန္ဓေနေခြင်းရှိ၏ဟူသော အယူကို။
sabbaṃ,
the view believing that all are conceived
130
မေ၊
ငါသည်။
me,
I/ to me/ for me
131
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should not be agreeable
132
ဣတိ ဧဝံ ဝါဒိနော၊
ဤသို့ဆိုလေ့ရှိကုန်လော။
iti evaṃ vādino,
saying thus
133
ဣတိ ဧဝံ ဒိဋ္ဌိနော၊
ဤသို့သောအယူရှိကုန်သော။
iti evaṃ diṭṭhino,
having such a view
134
ဧကေ၊
အချို့ကုန်သော။
eke,
some
135
သမဏဗြာဟ္မဏာ၊
ရဟန်းပုဏ္ဏားတို့သည်။
samaṇabrāhmaṇā,
recluses and brahmins
136
သန္တိ၊
ရှိကုန်၏။
santi,
(there) are
137
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
138
သဗ္ဗံ၊
အလုံစုံပဋိသန္ဓေနေခြင်းရှိ၏ဟူသော အယူကို။
sabbaṃ,
the view believing that all are conceived
139
မေ၊
ငါသည်။
me,
I/ to me/ for me
140
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable
141
ဣတိ ဧဝံ ဝါဒိနော၊
ဤသို့ဆိုလေ့ရှိကုန်လော။
iti evaṃ vādino,
saying thus
142
ဣတိ ဧဝံ ဒိဋ္ဌိနော၊
ဤသို့သောအယူရှိကုန်သော။
iti evaṃ diṭṭhino,
having such a view
143
ဧကေ၊
အချို့ကုန်သော။
eke,
some
144
သမဏဗြာဟ္မဏာ၊
ရဟန်းပုဏ္ဏားတို့သည်။
samaṇabrāhmaṇā,
recluses and brahmins
145
သန္တိ၊
ရှိကုန်၏။
santi,
(there) are
146
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
147
ဧကစ္စံ၊
အချို့ပဋိသန္ဓေယူ၏ဟူသောအယူကို။
ekaccaṃ,
the view believing that some are conceived
148
မေ၊
ငါသည်။
me,
I/ to me/ for me
149
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should be agreeable (should accept)
150
ဧကစ္စံ၊
အချိုဋိသန္ဓေယူခြင်းမရှိဟူသော အယူကို။
ekaccaṃ,
the view believing that some are not conceived
151
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable
152
ဣတိ ဧဝံ ဝါဒိနော၊
ဤသို့ဆိုလေ့ရှိကုန်သော။
iti evaṃ vādino,
saying thus
153
ဣတိ ဧဝံ ဒိဋ္ဌိနော၊
ဤသို့သောအယူရှိကုန်သော။
iti evaṃ diṭṭhino,
having such a view
154
ဧကေ၊
အချို့ကုန်သော။
eke,
some
155
သမဏဗြာဟ္မဏာ၊
ရဟန်းပုဏ္ဏားတို့သည်။
samaṇabrāhmaṇā,
recluses and brahmins
156
သန္တိ၊
ရှိကုန်၏။
santi,
(there) are
157
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
158
တတြ၊
ထိုသို့အယူရှိကုန်သော ရဟန်းပုဏ္ဏားတို့တွင်။
tatra,
among those recluses and brahmins who have such a view
159
သဗ္ဗံ၊
အလုံးစုံပဋိသန္ဓေယူ၏ဟူသော အယူကို။
sabbaṃ,
the view believing that all are conceived
160
မေ၊
ငါသည်။
me,
I/ to me/ for me
161
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should be agreeable
162
ဣတိ ဧဝံ ဝါဒိနော၊
ဤသို့ဆိုလေ့ရှိကုန်သော။
iti evaṃ vādino,
saying thus
163
ဣတိ ဧဝံ ဒိဋ္ဌိနော၊
ဤသို့အယူရှိကုန်သော။
iti evaṃ diṭṭhino,
having such a view
164
ယေ တေ သမဏ ဗြာဟ္မဏာ၊
အကြင်ရဟန်းပုဏ္ဏားတို့သည်။
ye te samaṇa brāhmaṇā,
the recluses and brahmins
165
သန္တိ၊
ရှိကုန်၏။
santi,
(there) are
166
တေသံ၊
ထိုရဟန်းပုဏ္ဏားတို့၏။
tesaṃ,
of the recluses and branhmins
167
အယံ ဒိဋ္ဌိ၊
ဤအယူသည်။
ayaṃ diṭṭhi,
the view
168
သာရာဂါယ၊
ရာဂနှင့် တကွ ဖြစ်ခြင်း၏။
sārāgāya,
(of) being with lust
169
သန္တိကေ၊
အနီးသည်။
santike,
vicinity
171
သညောဂါယ၊
ဝဋ်ဆင်းရဲ၌ယှဉ်ခြင်း၏။
saññogāya,
(of) connecting with suffering of life-circle
172
သန္တိကေ၊
အနီးသည်။
santike,
vicinity
174
အဘိနန္ဒနာယ၊
အလွန်နှစ်သက်ခြင်း၏။
abhinandanāya,
(of) being very delightful/ very pleased
175
သန္တိကေ၊
အနီးသည်။
santike,
vicinity
177
အဇ္ဈောသာနာယ၊
တဏှာဒိဋ္ဌိတို့ဖြင့် သက်ဝင်ခြင်း၏။
ajjhosānāya,
(of) cleaving to craving and wrong view
178
သန္တိကေ၊
အနီးသည်။
santike,
vicinity
180
ဥပါဒါနာယ၊
စွဲလမ်းခြင်း၏။
upādānāya,
(of) clinging/ attachment
181
သန္တိကေ၊
အနီးသည်။
santike,
vicinity
183
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿ။
aggivessana,
Aggivessana,
184
တတြ၊
ထိုသို့အယူရှိကုန်သော ရဟန်းပုဏ္ဏားတို့တွင်။
tatra,
among those recluses and brahmins who have such a view
185
သဗ္ဗံ၊
အလုံးစုံပဋိသန္ဓေယူ၏ဟူသော အယူကို။
sabbaṃ,
the view believing that all are conceived
186
မေ၊
ငါသည်။
me,
I/ to me/ for me
187
န က္ခမတိ၊
မနှစ်သက်အပ်။
na kkhamati,
should not be agreeable
188
ဣတိ ဧဝံ ဝါဒိနော၊
ဤသို့လေ့ရှိကုန်သော။
iti evaṃ vādino,
saying thus
189
ဣတိ ဧဝံ ဒိဋ္ဌိနော၊
ဤသို့အယူရှိကုန်သော။
iti evaṃ diṭṭhino,
having such a view
190
ယေ တေ သမဏဗြာဟ္မဏာ၊
အကြင်ရဟန်းပုဏ္ဏားတို့သည်။
ye te samaṇabrāhmaṇā,
those recluses and brahmins
191
သန္တိ၊
ရှိကုန်၏။
santi,
(there) are
192
တေသံ၊
ထိုရဟန်းပုဏ္ဏားတို့၏။
tesaṃ,
of the recluses and branhmins
193
အယံ ဒိဋ္ဌိ၊
ဤအယူသည်။
ayaṃ diṭṭhi,
the view
194
အဿာရာဂါယ၊
ပြင်းစွာ ရာဂနှင့် တကွမဖြစ်ခြင်း၏။
assārāgāya,
(of) not being with strong lust
195
သန္တိကေ၊
အနီးသည်။
santike,
vicinity
197
အသညောဂါယ၊
ဝဋ်ဆင်းရဲ၌မယှဉ်ခြင်း၏။
asaññogāya,
(of) not connecting with suffering of life-circle
198
သန္တိကေ၊
အနီးသည်။
santike,
vicinity
200
အနဇ္ဈောသာနာယ၊
တဏှာဒိဋ္ဌိတို့ဖြင့်မသက်ဝင်ခြင်း၏။
anajjhosānāya,
(of) not cleaving to craving and wrong view
201
သန္တိကေ၊
အနီးသည်။
santike,
vicinity
203
အနုပါဒါနာယ၊
မစွဲလမ်းခြင်း၏။
anupādānāya,
(of) not clinging/ non-attachment
204
သန္တိကေ၊
အနီးသည်။
santike,
vicinity
207
အစေါ စ၊
မိန့်တော်မူ၏။
aco ca,
says
209
ဝုတ္တေ၊
ဟောတော်မူအပ်သည်ရှိသော်။
vutte,
being preached
210
ဒီဃန ခေါ၊
ဒီဃနခမည်ရှိသော။
dīghana kho,
(named) Dīghanakha
211
ပရိဗ္ဗာဇကော၊
ပရိဗိုဇ်သည်။
paribbājako,
an ascetic
212
ဧတံ ဝစနံ၊
ဤစကားကို။
etaṃ vacanaṃ,
this word/speech
213
အဝေါစ၊
လျှောက်၏။
avoca,
says
214
ကိံ အဝေါစ၊
အဘယ်သို့လျှောက်သနည်း။
kiṃ avoca,
how he says?
215
ဘဝံ ဂေါတမော၊
အရှင်ဂေါတမသည်။
bhavaṃ gotamo,
Lord Gotama
217
ဒိဋ္ဌိဂတံ၊
မိစ္ဆာအယူကို။
diṭṭhigataṃ,
wrong view/ view
218
ဥက္ကံသတိ၊
ချီးမြှောက်တော်မူပေ၏။
ukkaṃsati,
praises
219
ဘဝံ ဂေါတမော၊
အရှင်ဂေါတမသည်။
bhavaṃ gotamo,
Lord Gotama
221
ဒိဋ္ဌိဂတံ၊
မိစ္ဆာအယူကို။
diṭṭhigataṃ,
wrong view/ view
222
သမ္ပဟံသတိ၊
ရွှင်စေတော်မူပေ၏။
sampahaṃsati,
is glad at/ is pleased with
224
အဝေါစ၊
လျှောက်၏။
avoca,
says
225
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
226
တတြ၊
ထိုသို့အယူကို။
tatra,
such a view
227
မေ၊
ငါသည်။
me,
I/ to me/ for me
228
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should be agreeable
229
ဧကစ္စံ၊
အချို့ပဋိသန္ဓေယူခြင်းမရှိဟူသော အယူကို။
ekaccaṃ,
the view believing that some are not conceived
230
မေ၊
ငါသည်။
me,
I/ to me/ for me
231
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable
232
ဣတိ ဧဝံ ဝါဒိနော၊
ဤသို့ဆိုလေ့ရှိကုန်သော။
iti evaṃ vādino,
saying thus
233
ဣတိ ဧဝံ ဒိဋ္ဌိနော၊
ဤသို့အယူရှိကုန်သော။
iti evaṃ diṭṭhino,
having such a view
234
ယေတေ သမဏဗြာဟ္မဏာ၊
အကြင်ရဟန်းပုဏ္ဏားတို့သည်။
yete samaṇabrāhmaṇā,
some recluses and brahmins
235
သန္တိ၊
ရှိကုန်၏။
santi,
(there) are
236
ယာဟိ ဒိဋ္ဌိဟိ၊
အကြင်အယူတို့ဖြင့်။
yāhi diṭṭhihi,
by means of such views
237
တေသံ၊
ထိုသူတို့အား။
tesaṃ,
to them/ for them
238
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should be agreeable
239
သာ အယံ ဒိဋ္ဌိ၊
ထိုအယူသည်။
sā ayaṃ diṭṭhi,
the view
240
သာရာဂါယ၊
ရာနှင့် တကွ ဖြစ်ခြင်း၏။
sārāgāya,
(of) being with lust
241
သန္တိကေ၊
အနီးသည်။
santike,
vicinity
243
အဘိနန္ဒာနာယ၊
အလွန်နှစ်သက်ခြင်း၏။
abhinandānāya,
(of) being very delightful/ very pleased
244
သန္တိကေ၊
အနီးသည်။
santike,
vicinity
246
သညောဂါယ၊
ဝဋ်၌ယှဉ်ခြင်း၏။
saññogāya,
(of) connecting with suffering of life-circle
247
သန္တိကေ၊
အနီးသည်။
santike,
vicinity
249
အဘိနန္ဒနာယ၊
အလွန်နှစ်သက်ခြင်း၏။
abhinandanāya,
(of) being very delightful/ very pleased
250
သန္တိကေ၊
အနီးသည်။
santike,
vicinity
252
အဇ္ဈောသာနာယ၊
တဏှာဒိဋ္ဌိတို့ဖြင့်သက်ဝင်ခြင်း၏။
ajjhosānāya,
(of) cleaving to craving and wrong view
253
သန္တိကေ၊
အနီးသည်။
santike,
vicinity
255
ဥပါဒါနာယ၊
စွဲလမ်းခြင်း၏။
upādānāya,
(of) clinging/ attachment
256
သန္တိကေ၊
အနီးသည်။
santike,
vicinity
258
ယာဟိ ဒိဋ္ဌီဟိ၊
အကြင်အယူတို့ဖြင့်။
yāhi diṭṭhīhi,
by means of such views
259
တေသံ၊
ထိုရဟန်းပုဏ္ဏားအား။
tesaṃ,
to those recluses and brahmins
260
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should be agreeable
261
သာ အယံ ဒိဋ္ဌိ၊
ထိုအယူသည်။
sā ayaṃ diṭṭhi,
the view
262
အသာရာဂါယ၊
ရာဂနှင့် တကွ မဖြစ်ခြင်း၏။
asārāgāya,
(of) not being with strong lust
263
သန္တိကေ၊
အနီးသည်။
santike,
vicinity
265
အသညောဂါယ၊
ဝဋ်၌မယှဉ်ခြင်း၏။
asaññogāya,
(of) not connecting with suffering of life-circle
266
သန္တိကေ၊
အနီးသည်။
santike,
vicinity
268
အနဘိနန္ဒနာ၊
အလွန်မနှစ်သက်ခြင်း၏။
anabhinandanā,
(of) not being very delightful/ very pleased
269
သန္တိကေ၊
အနီးသည်။
santike,
vicinity
271
အနဇ္ဈောသာနာယ၊
တဏှာဒိဋ္ဌိတို့ဖြင့် မသက်ဝင်ခြင်း၏။
anajjhosānāya,
(of) not cleaving to craving and wrong view
272
သန္တိကေ၊
အနီးသည်။
santike,
vicinity
274
အနုပါဒါနာယ၊
မစွဲလမ်းခြင်း၏။
anupādānāya,
(of) not clinging/ non-attachment
275
သန္တိကေ၊
အနီးသည်။
santike,
vicinity
277
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန၊
aggivessana,
Aggivessana,
278
တတြ၊
ထိုရဟန်းပုဏ္ဏားတို့တွင်။
tatra,
among those recluses and brahmins (who have such views)
279
သဗ္ဗံ၊
အလုံးစုံပဋိသန္ဓေယူ၏ဟူသော အယူကို။
sabbaṃ,
the view believing that all are conceived
280
မေ၊
ငါသည်။
me,
I/ to me/ for me
281
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should be agreeable
282
ဣတိ ဧဝံ ဝါဒိနော၊
ဤသို့ဆိုလေ့ရှိကုန်သော။
iti evaṃ vādino,
saying thus
283
ဣတိ ဧဝံ ဒိဋ္ဌိနော၊
ဤသို့အယူရှိကုန်သော။
iti evaṃ diṭṭhino,
having such a view
284
ယေ တေ သမဏဗြာဟ္မဏာ၊
အကြင်ရဟန်းပုဏ္ဏားတို့သည်။
ye te samaṇabrāhmaṇā,
some recluses and brahmins
285
သန္တိ၊
ရှိကုန်၏။
santi,
(there) are
286
တတ္ထ၊
ထိုရှေ့နောက်ဖြစ်သော အယူရှိသော အရဟန်းပုဏ္ဏားတို့တွင်။
tattha,
having the view that happened before and later
287
ဝိညူ၊
သိကြားလိမ္မာသော။
viññū,
(a) clever/ wise
288
ပုရိသော၊
ယောကျ်ားသည်။
puriso,
(a) man
290
ပဋိသဉ္စိက္ခတိ၊
ဆင်ခြင်၏။
paṭisañcikkhati,
reasons/considers/ reviews/ investigates
291
ကိံ ပဋိသဉ္စိက္ခတိ၊
အဘယ်သို့ ဆင်ခြင်သနည်း။
kiṃ paṭisañcikkhati,
how he reasons?
292
သဗ္ဗံ၊
အလုံးစုံနှစ်ပါးသော အယူကို။
sabbaṃ,
both of the views
293
မေ၊
ငါသည်။
me,
I/ to me/ for me
294
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should be agreeable
297
ယာစ အယံ ဒိဋ္ဌိ၊
အကြင်အယူသည်လည်း။
yāca ayaṃ diṭṭhi,
view too
298
အတ္ထိ၊
ရှိ၏။
atthi,
(there) is
300
ဣမဉ္စ ဒိဋ္ဌိံ၊
ဤအယူကိုလည်း။
imañca diṭṭhiṃ,
this view too
301
ထာမသာ၊
အစွမ်းအားဖြင့်
thāmasā,
by force
302
ပရမာသာ၊
မှားသောသုံးသပ်ခြင်းဖြင့်။
paramāsā,
by wrongly considering/ reflecting
303
အဘိနိဝေသဿ၊
မှားသောနှလုံးသွင်းခြင်းဖြင့်။
abhinivesassa,
by wrongly bearing in mind
304
ဣဒမေဝ၊
ဤငါ၏ အယူသည်သာလျှင်။
idameva,
this view of mine only
305
သစ္စံ၊
မှန်၏။
saccaṃ,
is true
306
အညံ၊
တစ်ပါးသောသူတို့၏ အယူသည်။
aññaṃ,
the view of others
307
မောဃံ၊
အချည်းနီးသာတည်း။
moghaṃ,
are vain/ useless
309
ဝေါဟာရေယျံ၊
ပြောဆို၏။
vohāreyyaṃ,
may say
310
ဣတိ၊
ဤသို့ဆိုသည်။
iti,
saying thus
311
သတိ၊
ရှိသော်။
sati,
if (there is)
312
ဒွီဟိ၊
နှစ်ယောက်ကုန်သော ပုဂ္ဂိုလ်တို့နှင့်။
dvīhi,
with two persons
313
မေ၊
ငါ့အား။
me,
to me/ for me
314
ဝိဂ္ဂဟော၊
ငြင်းခုံခြင်းသည်။
viggaho,
arguing
315
အဿ၊
ဖြစ်ရာ၏။
assa,
may be
316
ကိံ အဿ၊
အဘယ်သို့ ဖြစ်ရာသနည်း။
kiṃ assa,
how it may be?
317
သဗ္ဗံ၊
အလုံးစုံပဋိသန္ဓေယူ၏ဟူသော အယူကို။
sabbaṃ,
the view believing that all are conceived
318
မေ၊
ငါသည်။
me,
I/ to me/ for me
319
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable
320
ဣတိ ဧဝံ ဝါဒီ၊
ဤသို့ဆိုလေ့ရှိသော။
iti evaṃ vādī,
saying thus
321
ဣတိ ဧဝံ ဒိဋ္ဌီ၊
ဤသို့ယူရှိသော။
iti evaṃ diṭṭhī,
having such a view
322
ယော စာယံ ယော စ အယံ သမဏော ဝါ၊
အကြင်ရဟန်းသည်လည်းကောင်း။
yo cāyaṃ yo ca ayaṃ samaṇo vā,
such a recluse/ monk
323
ယော စာယံ ယော စ အယံ ဗြာဟ္မဏော ဝါ၊
အကြင်ပုဏ္ဏားသည်လည်းကောင်း။
yo cāyaṃ yo ca ayaṃ brāhmaṇo vā,
such a brahmin
324
အတ္ထိ၊
ရှိ၏။
atthi,
(there) is
325
ဧကစ္စံ၊
အချို့ပဋိသန္ဓေယူ၏ဟူသော အယူကို။
ekaccaṃ,
the view believing that some are conceived
326
မေ၊
ငါသည်။
me,
I/ to me/ for me
327
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should be agreeable
328
ဧကစ္စံ၊
အချို့ပဋိသန္ဓေမယူဟူသော အယူကို။
ekaccaṃ,
the view believing that some are not conceived
329
မေ၊
ငါသည်။
me,
I/ to me/ for me
330
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable
331
ဣတိ ဧဝံ ဝါဒီ၊
ဤသို့ဆိုလေ့ရှိသော။
iti evaṃ vādī,
saying thus/ used to say thus
332
ဣတိ ဧဝံ ဒိဋ္ဌီ၊
ဤသို့အယူရှိသော။
iti evaṃ diṭṭhī,
having such a view
333
ယော စာယံ ယော စ အယံ သမဏော ဝါ၊
အကြင်ရဟန်းသည်လည်းကောင်း။
yo cāyaṃ yo ca ayaṃ samaṇo vā,
such a recluse/ monk
334
ယော စာယံ ယောစ အယံ ဗြာဟ္မဏော ဝါ၊
အကြင်ပုဏ္ဏားသည်လည်းကောင်း။
yo cāyaṃ yoca ayaṃ brāhmaṇo vā,
such a brahmin
336
ဒွီဟိ၊
နှစ်ယောက်ကုန်သော။
dvīhi,
two
337
တေဟိ၊
ထိုရဟန်းပုဏ္ဏားတို့နှင့်။
tehi,
those recluse and brahmin
338
ဝိဂ္ဂဟော၊
ငြင်းခုံခြင်းသည်။
viggaho,
arguing
339
အဿ၊
ဖြစ်ကုန်ရာ၏။
assa,
may be
341
ဝိဂ္ဂဟော၊
ငြင်းခုံခြင်းသည်။
viggaho,
arguing
342
သတိ၊
ရှိသော်။
sati,
if (there is)
343
ဝိဝါဒေါ၊
ဆန့်ကျင့်ခြင်းသည်။
vivādo,
disputing
344
အဿ၊
ဖြစ်ရာ၏။
assa,
there may be
345
ဝိဝါဒေ၊
ဆန့်ကျင့်ခြင်းသည်။
vivāde,
disputing
346
သတိ၊
ရှိသော်။
sati,
(if there) is
347
ဝိဃာတော၊
ဆင်းရဲခြင်းသည်။
vighāto,
suffering/ annoyance
348
အဿ၊
ဖြစ်ရာ၏။
assa,
may be
349
ဝိဃာတေ၊
ဆင်းရဲခြင်းသည်။
vighāte,
suffering/ annoyance
350
သတိ၊
ရှိသော်။
sati,
(if there) is
351
ပဋိဝိဟေသာ၊
ပင်ပန်းခြင်းသည်။
paṭivihesā,
being tired/ exhausted
352
အဿ၊
ဖြစ်ရာ၏။
assa,
may be
354
ပဋိပက္ခိတိ၊
ဆင်ခြင်၏။
paṭipakkhiti,
reasons/considers/ reviews/ investigates
356
သော၊
ထိုသူသည်။
so,
that person
357
ဝိဂ္ဂဟဉ္စ၊
ခြင်းခုံခြင်းကိုလည်းကောင်း။
viggahañca,
arguing
358
ဝိဝါဒဉ္စ၊
ဆန့်ကျင့်ခြင်းကိုလည်းကောင်း။
vivādañca,
disputing
359
ဝိဃာတဉ္စ၊
ဆင်ရဲခြင်းကိုလည်းကောင်း။
vighātañca,
suffering/ annoyance
ဝိဟေသဉ္စ၊ vihesañca.. Being tired/ exhausted
360
အတ္တနိ၊
မိမိ၌။
attani,
in oneself
361
သမ္ပဿမာနော၊
ကောင်းစွာ မြင်သည်ဖြစ်၍။
sampassamāno,
seeing well
362
တဉ္စေဝ ဒိဋ္ဌိံ၊
ထိုအယူကိုလည်း။
tañceva diṭṭhiṃ,
this view too
363
ပဇာဟတိ၊
ပယ်စွန့်၏။
pajāhati,
abandons
364
အညဉ္စဒိဋ္ဌိံ၊
တစ်ပါးသောအယူကိုလည်း။
aññañcadiṭṭhiṃ,
another view too
365
န ဥပါဒိယတိ၊
မစွဲလမ်း။
na upādiyati,
is not clinging to
366
ဧဝံ၊
ဤသို့သောအခြင်းအရာဖြင့်။
evaṃ,
by such characteristic
367
တာသံ ဒိဋ္ဌီနံ၊
ထိုအယူတို့ကို။
tāsaṃ diṭṭhīnaṃ,
those views
368
ပဟာနံ၊
ပယ်ခြင်းသည်။
pahānaṃ,
abandoning
370
ဧဝံ၊
ဤသို့သော အခြင်းအရာဖြင့်။
evaṃ,
by such characteristic
371
ဧတာသံ ဒိဋ္ဌီနံ၊
ထိုအယူတို့ကို။
etāsaṃ diṭṭhīnaṃ,
those views
372
ပဋိဿဂ္ဂေါ၊
စွန့်ခြင်းသည်။
paṭissaggo,
discarding
374
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
375
တတြ၊
ထိုသို့သောအယူရှိသော ရဟန်းပုဏ္ဏား အပေါင်းတို့တွင်။
tatra,
among those recluses and brahmins who have such views
376
သဗ္ဗံ၊
အလုံးစုံပဋိသန္ဓေယူ၏ ဟူသောအယူကို။
sabbaṃ,
the view believing that all are conceived
377
မေ၊
ငါသည်။
me,
I/ to me/ for me
378
နမက္ခတိ၊
မနှစ်သက်အပ်။
namakkhati,
should not be agreeable
379
ဣတိ ဧဝံ ဝါဒီနော၊
ဤသို့ဆိုလေ့ရှိကုန်သော။
iti evaṃ vādīno,
saying thus/ used to say thus
380
ဣတိ ဧဝံ ဒိဋ္ဌိနော၊
ဤသို့သောအယူရှိသည်ရှိကုန်သော။
iti evaṃ diṭṭhino,
having such a view
381
ယေ တေ သမဏာဗြာဟ္မဏာ၊
အကြင်ရဟန်းပုဏ္ဏားတို့သည်။
ye te samaṇābrāhmaṇā,
the recluses and brahmins
382
သန္တိ၊
ရှိကုန်၏။
santi,
(there) are
383
တတ္ထ၊
ထိုရဟန်းပုဏ္ဏားတို့တွင်။
tattha,
among those recluses and brahmins who have such views
384
ဝိညူ၊
သိကြားလိမ္မာသော။
viññū,
(a) clever/ wise
385
ပုရိသော၊
ယောကျ်ားသည်။
puriso,
(a) man
387
ပဋိသဉ္စိက္ခတိ၊
ဆင်ခြင်၏။
paṭisañcikkhati,
reasons/considers/ reviews/ investigates
388
ကိံ ပဋိသဉ္စိက္ခတိ၊
အဘယ်သို့ ဆင်ခြင်းသနည်း။
kiṃ paṭisañcikkhati,
how he reasons?
389
သဗ္ဗံ၊
အလုံးစုံ ပဋိသန္ဓေယူ၏ဟူသော အယူကို။
sabbaṃ,
the view believing that all are conceived
390
မေ၊
ငါသည်။
me,
I/ to me/ for me
391
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable
393
ခေါ၊
စင်စစ်။
kho,
in fact
395
ယာစ အယံ ဒိဋ္ဌီ၊
ဤအယူသည်ကိုလည်း။
yāca ayaṃ diṭṭhī,
view too
396
ထာမသာ၊
အစွမ်းအားဖြင့်။
thāmasā,
by force
397
ပရာမာသာ၊
မှားသောသုံးသပ်ခြင်းဖြင့်။
parāmāsā,
by wrongly considering/ reflecting
398
အဘိနိဝိဿ၊
မှားသောအားဖြင့် နှလုံးသွင်း၍။
abhinivissa,
by wrongly bearing in mind
399
ဣဒမေဝ၊
ဤငါ၏ယူသည်သာလျှင်။
idameva,
this view of mine only
400
သစ္စံ၊
မှန်။
saccaṃ,
is true
401
အညံ၊
တစ်ပါးသောသူတို့၏ အယူသည်။
aññaṃ,
the view of others
402
မောဃံ၊
အချည်းနှီးသာတည်း။
moghaṃ,
is vain/ useless
404
ဝေါဟာရေယျံ၊
ပြောဆို၏။
vohāreyyaṃ,
may say
405
ဒွီဟိ၊
နှစ်ယောက်ကုန်သော ပုဂ္ဂိုလ်တို့နှင့်။
dvīhi,
with two persons
406
မေ၊
ငါအား။
me,
to me/ for me
407
ဝိဂ္ဂဟော၊
ငြင်းခုံခြင်းသည်။
viggaho,
arguing
408
အဿ၊
ဖြစ်ရာ၏။
assa,
may be
409
ကိံ အဿ၊
အဘယ်သို့ ဖြစ်ရာသနည်း။
kiṃ assa,
how it may be?
410
သဗ္ဗံ၊
အလုံးစုံ ပဋိသန္ဓေယူ၏ ဟူသော အယူကို။
sabbaṃ,
the view believing that all are conceived
411
မေ၊
ငါသည်။
me,
I/ to me/ for me
412
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should not be agreeable
413
ဣတိ ဧဝံ ဝါဒီ၊
ဤသို့ဆိုလေ့ရှိသော။
iti evaṃ vādī,
saying thus/ used to say thus
414
ဣတိ ဧဝံ ဒိဋ္ဌီ၊
ဤသို့အယူရှိသော။
iti evaṃ diṭṭhī,
having such a view
415
ယော စာယံ ယော စ အယံ သမဏော ဝါ၊
အကြင်ရဟန်းသည်လည်းကောင်း။
yo cāyaṃ yo ca ayaṃ samaṇo vā,
such a recluse/ monk
416
ယော စာယံ ယော စ အယံ ဗြာဟ္မဏော ဝါ၊
အကြင်ပုဏ္ဏားသည်လည်းကောင်း။
yo cāyaṃ yo ca ayaṃ brāhmaṇo vā,
such a brahmin
417
အတ္ထိ၊
ရှိ၏။
atthi,
(there) is
418
ဧကစ္စံ၊
အချို့ပဋိသန္ဓေယူသော အယူကို။
ekaccaṃ,
the view believing that some are conceived
419
မေ၊
ငါသည်။
me,
I/ to me/ for me
420
ခမတိ၊
နှစ်သက်၏။
khamati,
should be agreeable
421
ဧကစ္စံ၊
အချို့ပဋိသန္ဓေယူခြင်းမရှိဟူသော အယူကို။
ekaccaṃ,
the view believing that some are not conceived
422
မေ၊
ငါသည်။
me,
I/ to me/ for me
423
န က္ခမတိ၊
မနှစ်သက်အပ်။
na kkhamati,
should not be agreeable
424
ဣတိ ဧဝံ ဝါဒီ၊
ဤသို့ဆိုလေ့ရှိသော။
iti evaṃ vādī,
saying thus/ used to say thus
425
ဣတိ ဧဝံ ဒိဋ္ဌီ၊
ဤသို့အယူရှိသော။
iti evaṃ diṭṭhī,
having such a view
426
ယော စာယံ ယော စ အယံ သမဏော ဝါ၊
အကြင်ရဟန်းသည်လည်းကောင်း။
yo cāyaṃ yo ca ayaṃ samaṇo vā,
such a recluse/ monk
427
ယော စာယံ ယော စ အယံ ဗြာဟ္မဏော ဝါ၊
အကြင်ပုဏ္ဏားသည်လည်းကောင်း။
yo cāyaṃ yo ca ayaṃ brāhmaṇo vā,
such a brahmin
428
အတ္ထိ၊
ရှိ၏။
atthi,
(there) is
430
ဒွီဟိ၊
နှစ်ယောက်ကုန်သော။
dvīhi,
two
431
တေဟိ၊
ထိုရဟန်းပုဏ္ဏားတို့နှင့်။
tehi,
with those recluse and brahmin
432
ဝိဂ္ဂဟော၊
ငြင်ခုံခြင်းသည်။
viggaho,
arguing
433
အဿ၊
ဖြစ်ရာ၏။
assa,
may be
435
ဒွီဟိ၊
နှစ်ယောက်ကုန်သော။
dvīhi,
(with) two
436
ဣမေဟိ၊
ဤပုဂ္ဂိုလ်တို့နှင့်။
imehi,
(with) these persons
437
ဝိဂ္ဂဟော၊
ငြင်းခုံခြင်းသည်။
viggaho,
arguing
438
အဿ၊
ဖြစ်ရာ၏။
assa,
may be
440
ဝိဂ္ဂဟေ၊
ငြင်းခုံခြင်းသည်။
viggahe,
arguing
441
သတိ၊
ရှိသော်။
sati,
if (there is)
442
ဝိဝါဒေါ၊
ဆန့်ကျင့်ခြင်းသည်။
vivādo,
disputing
443
အဿ၊
ဖြစ်ရာ၏။
assa,
may be
444
ဝိဝါဒေ၊
ဆန့်ကျင်ခြင်းသည်။
vivāde,
disputing
445
သတိ၊
ရှိသော်။
sati,
if (there is)
446
ဝိဃာတော၊
ဆင်းရဲခြင်းသည်။
vighāto,
suffering/ annoyance
447
အဿ၊
ဖြစ်ရာ၏။
assa,
may be
448
ဝိဃာတေ၊
ဆင်းရဲခြင်းသည်။
vighāte,
suffering/ annoyance
449
သတိ၊
ရှိလတ်သော်။
sati,
if (there is)
450
ဝိဟေသာ၊
ပင်ပန်းခြင်းည်။
vihesā,
being tired/ exhausted
451
အဿ၊
ဖြစ်ရာ၏။
assa,
may be
453
ပဋိသဉ္စိက္ခတိ၊
ဆင်ခြင်၏။
paṭisañcikkhati,
reasons/considers/ reviews/ investigates
455
ဝိဂ္ဂဟဉ္စ၊
ငြင်းခုံခြင်းကိုလည်းကောင်း။
viggahañca,
arguing
456
ဝိဝါဒဉ္စ၊
ဆန့်ကျင်ခြင်းကိုလည်းကောင်း။
vivādañca,
disputing
457
ဝိဃာတဉ္စ၊
ဆင်းရဲခြင်းကိုလည်းကောင်း။
vighātañca,
suffering/ annoyance
458
ဝိဟေသဉ္စ၊
ပင်ပန်းခြင်းကိုလည်းကောင်း။
vihesañca,
being tired/ exhausted
459
အတ္တနိ၊
မိမိ၌။
attani,
in oneself
460
သမ္ပဿမာနော၊
ကောင်းစွာ မြင်သည်ဖြစ်၍။
sampassamāno,
seeing well
461
တဉ္စေဝ ဒိဋ္ဌိံ၊
ဤအယူကိုလည်း။
tañceva diṭṭhiṃ,
this view too
462
ပဇာဟတိ၊
ပယ်စွန့်၏။
pajāhati,
abandons
463
အညဉ္စဒိဋ္ဌိံ၊
တစ်ပါးသောအယူကိုလည်း။
aññañcadiṭṭhiṃ,
another view too
464
န ဥပါဒိယတိ၊
မစွဲလမ်း။
na upādiyati,
is not clinging to
465
ဧဝံ၊
ဤသို့သောအခြင်းအရာဖြင့်။
evaṃ,
by such characteristic
466
ဧတေသံ ဒိဋ္ဌီနံ၊
ထိုအယူတို့ကို။
etesaṃ diṭṭhīnaṃ,
those views
467
ပဟာနံ၊
ပယ်ခြင်းသည်။
pahānaṃ,
abandoning
469
ဧဝံ၊
ဤသို့သောအခြင်းအရာဖြင့်။
evaṃ,
by such characteristic
470
ဧတာသံ ဒိဋ္ဌီနံ၊
ထိုအယူတို့ကို။
etāsaṃ diṭṭhīnaṃ,
those views
471
ပဋိနိဿဂ္ဂေါ၊
စွန်ခြင်းသည်။
paṭinissaggo,
discarding
473
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
474
တတြ၊
ထိုရဟန်းပုဏ္ဏားအပေါင်းတို့တွင်။
tatra,
among those recluses and brahmins who have such views
475
ဧကစ္စံ၊
အချို့ပဋိသန္ဓေယူ၏ ဟူသော အယူကို။
ekaccaṃ,
the view believing that some are conceived
476
မေ၊
ငါသည်။
me,
I/ to me/ for me
477
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should be agreeable
478
ဧကစ္စံ၊
အချိုပဋိသန္ဓေမယူဟူသော အယူကို။
ekaccaṃ,
the view believing that some are not conceived
479
မေ၊
ငါသည်။
me,
I/ to me/ for me
480
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable
481
ဣတိ ဧဝံ ဝါဒိနော၊
ဤသို့ဆိုလေ့ရှိကုန်သော။
iti evaṃ vādino,
saying thus/ used to say thus
482
ဣတိ ဧဝံ ဒိဋ္ဌိနော၊
ဤသို့အယူရှိကုန်သော။
iti evaṃ diṭṭhino,
having such a view
483
ယေ တေ သမဏဗြာဟ္မဏာ၊
အကြင်ရဟန်းပုဏ္ဏားတို့သည်။
ye te samaṇabrāhmaṇā,
such recluses and brahmins
484
သန္တိ၊
ရှိကုန်၏။
santi,
(there) are
485
တတြ၊
ထိုရဟန်းပုဏ္ဏားတို့တွင်။
tatra,
among those recluses and brahmins
486
ဝိညူ၊
သိကြားလိမ္မာသော။
viññū,
(a) clever/ wise
487
ပုရိသော၊
ယောကျ်ားသည်။
puriso,
(a) man
489
ပဋိသဉ္စိက္ခတိ၊
ဆင်ခြင်၏။
paṭisañcikkhati,
reasons/considers/ reviews/ investigates
490
ကိံ ပဋိသဉ္စိက္ခတိ၊
အဘယ်သို့ ဆင်ခြင်သနည်း။
kiṃ paṭisañcikkhati,
how he reasons?
491
ဧကစ္စံ၊
အချို့ပဋိသန္ဓေယူ၏ ဟူသော အယူကို။
ekaccaṃ,
the view believing that some are conceived
492
မေ၊
ငါသည်။
me,
I/ to me/ for me
493
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should be agreeable
494
ဧကစ္စံ၊
အချိုသန္ဓေမယူဟူသော အယူကို။
ekaccaṃ,
the view believing that some are not conceived
495
မေ၊
ငါသည်။
me,
I/ to me/ for me
496
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable
498
ခေါ၊
စင်စစ်။
kho,
in fact
500
ယာစ အယံ ဒိဋ္ဌိ၊
အကြင်အယူသည်လည်း။
yāca ayaṃ diṭṭhi,
(this) view too
501
အတ္ထိ၊
ရှိ၏။
atthi,
(there) is
503
ဣမဉ္စ ဒိဋ္ဌိံ၊
ဤသို့အယူကိုလည်း။
imañca diṭṭhiṃ,
such a view
504
ထာမသာ၊
အစွမ်းအားဖြင့်။
thāmasā,
by force
505
ပရာမာသာ၊
မှားသောသုံးသပ်ခြင်းဖြင့်။
parāmāsā,
by wrongly considering/ reflecting
506
အဘိနိဝိဿ၊
မှားသောအားဖြင့် နှလုံးသွင်း၍။
abhinivissa,
by wrongly bearing in mind
507
ဣဒမေဝ၊
ဤငါ၏ အယူသည်သာလျှင်။
idameva,
this view of mine only
508
သစ္စံ၊
မှန်၏။
saccaṃ,
is true
509
အညံ၊
တစ်ပါးသောသူတို့၏ အယူသည်။
aññaṃ,
the view of others
510
မောဃံ၊
အချည်းနှီးသာတည်း။
moghaṃ,
is vain/ useless
512
ဝေါဟရေယျံ၊
ပြောဆိုရာ၏။
vohareyyaṃ,
may say
513
ဒွီဟိ၊
နှစ်ယောက်သော ပုဂ္ဂိုလ်တို့နှင့်။
dvīhi,
with two persons
514
မေ၊
ငါ့အား။
me,
to me/ for me
515
ဝိဂ္ဂဟော၊
ငြင်းခုံခြင်းသည်။
viggaho,
arguing
516
အဿ၊
ဖြစ်ရာ၏။
assa,
may be
517
ကိံ အဿ၊
အဘယ်သို့ ဖြစ်ရာသနည်း။
kiṃ assa,
how it may be?
518
သဗ္ဗံ၊
အလုံးစုံပဋိသန္ဓေယူ၏ဟူသော အယူကို။
sabbaṃ,
the view believing that all are conceived
519
မေ၊
ငါသည်။
me,
I/ to me/ for me
520
ခမတိ၊
နှစ်သက်အပ်၏။
khamati,
should be agreeable
521
ဣတိ ဧဝံ ဝါဒီ၊
ဤသို့ဆိုလေ့ရှိသော။
iti evaṃ vādī,
saying thus/ used to say thus
522
ဣတိ ဧဝံ ဒိဋ္ဌီ၊
ဤသို့အယူရှိသော။
iti evaṃ diṭṭhī,
having such a view
523
ယော စာယံ ယော စ အယံ သမဏော ဝါ၊
အကြင်ရဟန်းသည်လည်းကောင်း။
yo cāyaṃ yo ca ayaṃ samaṇo vā,
such a recluse/ monk
524
ယော စာယံ ယော စ အယံ ဗြာဟ္မဏော ဝါ၊
အကြင်ပုဏ္ဏားသည်လည်းကောင်း။
yo cāyaṃ yo ca ayaṃ brāhmaṇo vā,
such a brahmin
525
သဗ္ဗံ၊
အလုံးစုံကို။
sabbaṃ,
all
526
မေ၊
ငါသည်။
me,
I/ to me/ for me
527
နက္ခမတိ၊
မနှစ်သက်အပ်။
nakkhamati,
should not be agreeable
528
ဣတိ ဧဝံ ဝါဒီ၊
ဤသို့ဆိုလေ့ရှိသော။
iti evaṃ vādī,
saying thus/ used to say thus
529
ဣတိ ဧဝံ ဒိဋ္ဌီ၊
ဤသို့အယူရှိသော။
iti evaṃ diṭṭhī,
having such a view
530
ယော စာယံ ယော စ အယံ သမဏော ဝါ၊
အကြင်ရဟန်းသည်လည်းကောင်း။
yo cāyaṃ yo ca ayaṃ samaṇo vā,
such a recluse/ monk
531
ယော စာယံ ယော စ အယံ ဗြာဟ္မဏော ဝါ၊
အကြင်ပုဏ္ဏားသည်လည်းကောင်း။
yo cāyaṃ yo ca ayaṃ brāhmaṇo vā,
such a brahmin
532
အတ္ထိ၊
ရှိ၏။
atthi,
(there) is
534
ဒွီဟိ၊
နှစ်ယောက်ကုန်သော။
dvīhi,
(with) two
535
တေဟိ၊
ထိုရဟန်းပုဏ္ဏားတို့နှင့်။
tehi,
(with) those recluse and brahmin
536
ဝိဂ္ဂဟော၊
ငြင်းခုံခြင်းသည်။
viggaho,
arguing
537
အဿ၊
ဖြစ်ရာ၏။
assa,
may be
539
ဒွီဟိ၊
နှစ်ယောက်ကုန်သော။
dvīhi,
(with) two
540
ဣမေဟိ၊
ဤပုဂ္ဂိုလ်တို့နှင့်။
imehi,
(with) these persons
541
ဝိဂ္ဂဟော၊
ငြင်းခုံသည်။
viggaho,
arguing
542
အဿ၊
ဖြစ်ရာ၏။
assa,
may be
544
ဝိဂ္ဂဟေ၊
ငြင်းခုံခြင်းသည်။
viggahe,
arguing
545
သတိ၊
ရှိသော်။
sati,
if (there is)
546
ဝိဝါဒေါ၊
ဆန့်ကျင်ခြင်းသည်။
vivādo,
disputing
547
အဿ၊
ဖြစ်ရာ၏။
assa,
may be
548
ဝိဝါဒေ၊
ဆန့်ကျင်ခြင်းသည်။
vivāde,
disputing
549
သတိ၊
ရှိသော်။
sati,
if (there is)
550
ဝိဃာတော၊
ဆင်းရဲခြင်းသည်။
vighāto,
suffering/ annoyance
551
အဿ၊
ဖြစ်ရာ၏။
assa,
may be
552
ဝိဃာတေ၊
ဆင်းရဲခြင်းသည်။
vighāte,
suffering/ annoyance
553
သတိ၊
ရှိသော်။
sati,
if (there is)
554
ဝိဟေသာ၊
ပင်ပန်ခြင်းသည်။
vihesā,
being tired/ exhausted
555
အဿ၊
ဖြစ်ရာ၏။
assa,
may be
557
ပဋိသဉ္စိက္ခတိ၊
ဆင်ခြင်၏။
paṭisañcikkhati,
reasons/considers/ reviews/ investigates
559
သော၊
ထိုသူသည်။
so,
that person
560
ဝိဂ္ဂဟဉ္စ၊
ငြင်းခုံခြင်းကိုလည်းကောင်း။
viggahañca,
arguing
561
ဝိဝါဒဉ္စ၊
ဆန့်ကျင့်ခြင်းကိုလည်းကောင်း။
vivādañca,
disputing
562
ဝိဃာတဉ္စ၊
ဆင်းရဲခြင်းကိုလည်းကောင်း။
vighātañca,
suffering/ annoyance
563
ပဋိဝိဟေသဉ္စ၊
ပင်ပန်းခြင်းကိုလည်းကောင်း။
paṭivihesañca,
being tired/ exhausted
564
အတ္တနိ၊
မိမိ၌။
attani,
in oneself
565
သမ္ပသမာနော၊
ကောင်းစွာ မြင်သည်ဖြစ်၍။
sampasamāno,
seeing well
566
တဉ္စေဝ ဒိဋ္ဌိံ၊
တစ်ပါးသောအယူကိုလည်း။
tañceva diṭṭhiṃ,
another view too
567
န ဥပါဒိယတိ၊
မစွဲလမ်း။
na upādiyati,
is not clinging to
568
ဧဝံ၊
ဤသို့သောအခြင်းအရာဖြင့်။
evaṃ,
by such characteristic
569
ဧတာသံ ဒိဋ္ဌီနံ၊
ထိုအယူတို့ကို။
etāsaṃ diṭṭhīnaṃ,
those views
570
ပဟာနံ၊
ပယ်ခြင်းသည်။
pahānaṃ,
abandoning
572
ဧဝံ၊
ဤသို့သောအခြင်းအရာဖြင့်။
evaṃ,
by such characteristic
573
ဧတာသံ ဒိဋ္ဌီနံ၊
ထိုအယူကို။
etāsaṃ diṭṭhīnaṃ,
that view
574
ပဋိနိဿဂ္ဂေါ၊
စွန့်ခြင်းသည်။
paṭinissaggo,
discarding
576
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
577
ခေါ ပန၊
စင်စစ်။
kho pana,
in fact
578
အယံ ကာယော၊
ဤကိုယ်သည်။
ayaṃ kāyo,
this body
579
ရူပီ၊
ရုပ်ရှိ၏။
rūpī,
has matter
580
စာတုမဟာဘူတိကော၊
မဟာဘုတ်လေးပါးကိုမှီ၍ ဖြစ်၏။
cātumahābhūtiko,
(that) arises depending on four great elements
581
မာတာပေတ္တိကသမ္ဘဝေါ၊
မိဘနှစ်ပါးတို့၏ သုက်သွေးကြောင့်ဖြစ်၏။
mātāpettikasambhavo,
(that) arises due to the semen of parents
582
သြဒနကုမာသုပစယော၊
ထမင်း မုယောမုံ့တို့ဖြင့်ကြီးပွား၏။
sradanakumāsupacayo,
grows by (eating) rice and barley meal
583
အနိစ္စစ္ဆာဒန မရီမဒ္ဒန ဘေဒန ဝိဓံသနဓမ္မော၊
မမြဲသောသဘော ရေချိုးအပ်သောသဘော ဖောက်ပြန်သောသဘော ပျက်စီးတတ်သောသဘောရှိ၏။
aniccacchādana marīmaddana bhedana vidhaṃsanadhammo,
have the nature of being impermanent, being bathed, changing and decaying
584
အနိစ္စတော၊
အမြဲမရှိသောအားဖြင့်လည်းကောင်း။
aniccato,
by means of impermanence
585
ဒုက္ခတော၊
ဆင်းရဲသောအားဖြင့်လည်းကောင်း။
dukkhato,
by means of suffering
586
ရောဂတော၊
အနာအားဖြင့်လည်းကောင်း။
rogato,
by means of disease
587
ဂဏ္ဍတော၊
အိုင်းအမာနှင့် တူသောအားဖြင့်လည်းကောင်း။
gaṇḍato,
by means of boil alike
588
သလ္လတော၊
ငြောင့်နှင့် တူသောအားဖြင့်လည်းကောင်း။
sallato,
by means of spike alike
589
အဃတော၊
ဆင်းရဲသောအားဖြင့်လည်းကောင်း။
aghato,
by means of grief
590
အာဗာဓတော၊
နှိပ်စက်တတ်သောအားဖြင့်လည်းကောင်း။
ābādhato,
by means of illness
591
ပရတော၊
ပြင်ပသူစိမ်းအားဖြင့်လည်းကောင်း။
parato,
by means of outsider
592
ပလောကတော၊
ပျက်စီးတတ်သောအားဖြင့် လည်းကောင်း။
palokato,
by means of dissolution
593
သုညဘော၊
သတ္တ ဇီဝမှဆိတ်သောအားဖြင့်လည်းကောင်း။
suññabho,
by means of being void of life
594
အနတ္တတော၊
အစိုးမရသောအားဖြင့်လည်းကောင်း။
anattato,
by means of non-ego
595
သမနုပဿိတဗ္ဗော၊
ရှုအပ်သောသဘော ရှိ၏။
samanupassitabbo,
have the nature of being seen/ should be seen/ perceived
596
ဣမံ ကာယံ၊
ဤကိုယ်ကို။
imaṃ kāyaṃ,
this body
597
အနိစ္စတော၊
အမြဲမရှိသောအားဖြင့်လည်းကောင်း။
aniccato,
by means of impermanence
598
ဒုက္ခတော၊
ဆင်းရဲအားဖြင့်လည်းကောင်း။
dukkhato,
by means of suffering
599
ရောဂတာ၊
အနာအားဖြင့်လည်းကောင်း။
rogatā,
by means of disease
600
ဂဏ္ဍတော၊
အိုင်းအမာနှင့် တူသောအားဖြင့်လည်းကောင်း။
gaṇḍato,
by means of boil alike
601
သလ္လတော၊
ငြောင့်နှင့် တူသောအားဖြင့်လည်းကောင်း။
sallato,
by means of spike alike
602
အဃတော၊
ဆင်းရဲသောအားဖြင့်လည်းကောင်း။
aghato,
by means of grief
603
အာဗာဓတော၊
နှိပ်စက်တတ်သောအားဖြင့်လည်းကောင်း။
ābādhato,
by means of illness
604
ပရတော၊
ပြင်ပသူစိမ်း အားဖြင့်လည်းကောင်း။
parato,
by means of outsider
605
ပလောကတော၊
ပျက်စီးတတ်သောအားဖြင့်လည်းကောင်း။
palokato,
by means of dissolution
606
သုညတော၊
သတ္တ ဇီဝမှဆိတ်သောအားဖြင့်လည်းကောင်း။
suññato,
by means of being void of life
607
အနတ္တတော၊
အစိုးမရသောအားဖြင့်လည်းကောင်း။
anattato,
by means of non-ego
608
သမနုပဿတော၊
ရှုသော။
samanupassato,
seeing/ perceiving
609
တဿ၊
ထိုသူအား။
tassa,
to him/ for him
610
ကာယသ္မိံ၊
ကိုယ်၌။
kāyasmiṃ,
in the body
611
ယော ကာယဆန္ဒော၊
အကြင်ကိုယ်၌တပ်တတ်သောတဏှာသည်။
yo kāyachando,
the desire being attached to the body
612
ယော ကာယသ္နေဟော၊
အကြင်ကိုယ်၌တပ်တတ်သောတဏှာတည်းဟူသော အစေးသည်။
yo kāyasneho,
the glue called craving being attached to the body
613
ယာကေနွယတာ၊
အကြင်ကိုယ်သို့ အစဉ်လိုက်တတ်သောတဏှာ၏ အဖြစ်သည်။
yākenvayatā,
such a craving that always follows the body
614
အတ္ထိ၊
ရှိ၏။
atthi,
has/ there is
615
သာ တဏှာ၊
ထိုတဏှာကို။
sā taṇhā,
the craving
616
ပဟိယျတိ၊
ပယ်အပ်၏။
pahiyyati,
should be eradicated/ abandoned
617
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
618
ခေါ၊
စင်စစ်။
kho,
in fact
619
ဣမာ ဝေဒနာ၊
ဤဒေဝနာတို့သည်။
imā vedanā,
these feelings
620
သုခါဝေဒနာ၊
သုခဝေဒနာလည်းကောင်း။
sukhāvedanā,
pleasant feeling
621
ဒုက္ခဝေဒနာ၊
ဒုက္ခဝေဒနာလည်းကောင်း။
dukkhavedanā,
painful feeling
622
အဒုက္ခမသုခါဝေဒနာ၊
အဒုက္ခမသုခဝေဒနာလည်းကောင်း။
adukkhamasukhāvedanā,
neither pleasant nor painful feeling
624
တိဿော၊
သုံးပါးတို့တည်း။
tisso,
are of three kinds
625
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
626
ယသ္မိံ သမယေ၊
အကြင်အခါ၌။
yasmiṃ samaye,
when
627
သုခံ ဝေဒနံ၊
သုခဝေဒနာကို။
sukhaṃ vedanaṃ,
the pleasant feeling
628
ဝေဒေတိ၊
ခံစား၏။
vedeti,
feels/ experiences
629
တသ္မိံ သမယေ၊
ထိုအခါ၌။
tasmiṃ samaye,
at that time
630
ဒုက္ခံ ဝေဒနံ၊
ဒုက္ခဝေဒနာကို။
dukkhaṃ vedanaṃ,
the painful feeling
631
နေဝ ဝေဒေတိ၊
မခံစား။
neva vedeti,
does not feel/ experience
632
အဒုက္ခမသုခဝေဒနံ၊
အဒုက္ခမသုခဝေဒနာကို။
adukkhamasukhavedanaṃ,
the feeling neither pleasant nor painful
633
နေဝ ဝေဒေတိ၊
မခံစား။
neva vedeti,
does not feel/ experience
634
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
635
တသ္မိံ သမယေ၊
ထိုအခါ၌။
tasmiṃ samaye,
at that time
636
သုခံ ယေဝ ဝေဒနံ၊
သုခဝေဒနာကိုသာလျှင်။
sukhaṃ yeva vedanaṃ,
the pleasant feeling only
637
ဝေဒေတိ၊
ခံစား၏။
vedeti,
feels/ experiences
638
အဂ္ဂိဝေဿန၊
အဂ္ဂဝေဿန။
aggivessana,
Aggivessana,
639
ယသ္မိံ သမယေ၊
အကြင်အခါ၌။
yasmiṃ samaye,
when
640
ဒုက္ခံ ဝေဒနံ၊
ဒုက္ခဝေဒနာကို။
dukkhaṃ vedanaṃ,
the painful feeling
641
ဝေဒေတိ၊
ခံစား၏။
vedeti,
feels/ experiences
642
တသ္မိံ သမယေ၊
ထိုအခါ၌။
tasmiṃ samaye,
at that time
643
သုခံ ဝေဒနံ၊
သုခဝေဒနာကို။
sukhaṃ vedanaṃ,
the pleasant feeling
644
နေဝ ဝေဒေတိ၊
မခံစား။
neva vedeti,
does not feel/ experience
645
အဒုက္ခမသုခံ ဝေဒနံ၊
အဒုက္ခမသုခဝေဒနာကို။
adukkhamasukhaṃ vedanaṃ,
the feeling neither pleasant nor painful
646
န ဝေဒေတိ၊
မခံစား။
na vedeti,
does not feel/ experience
647
တသ္မိံ သမယေ၊
ထိုအခါ၌။
tasmiṃ samaye,
at that time
648
ဒုက္ခံ ယေဝ ဝေဒနံ၊
ဒုက္ခဝေဒနာကိုသာလျှင်။
dukkhaṃ yeva vedanaṃ,
the painful feeling only
649
ဝေဒေတိ၊
ခံစား၏။
vedeti,
feels/ experiences
650
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
651
ယသ္မိံ သမယေ၊
အကြင်အခါ၌။
yasmiṃ samaye,
when
652
အဒုက္ခ မသုခံ ဝေဒနံ၊
အဒုက္ခမသုဝေဒနာကို။
adukkha masukhaṃ vedanaṃ,
the feeling neither pleasant nor painful
653
ဝေဒေတိ၊
ခံစား၏။
vedeti,
feels/ experiences
654
တသ္မိံ သမယေ၊
ထိုအခါ၌။
tasmiṃ samaye,
at that time
655
သုခံ ဝေဒနံ၊
သုခဝေဒနာကို။
sukhaṃ vedanaṃ,
the pleasant feeling
656
နေဝ ဝေဒေတိ၊
မခံစား။
neva vedeti,
does not feel/ experience
657
ဒုက္ခံ ဝေဒနံ၊
ဒုက္ခဝေဒနာကို။
dukkhaṃ vedanaṃ,
the painful feeling
658
န ဝေဒေတိ၊
မခံစား။
na vedeti,
does not feel/ experience
659
တသ္မိံ သမယေ၊
ထိုအခါ၌။
tasmiṃ samaye,
at that time
660
အဒုက္ခမသုခံ ယေဝ ဝေဒနံ၊
အဒုက္ခမသုခဝေဒနာကိုသာလျှင်။
adukkhamasukhaṃ yeva vedanaṃ,
the feeling neither pleasant nor painful only
661
ဝေဒေတိ၊
ခံစား၏။
vedeti,
feels/ experiences
662
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
663
ခေါ၊
စင်စစ်။
kho,
in fact
664
သုခါပိ ဝေဒနာ၊
သုခဝေဒနာသည်လည်း။
sukhāpi vedanā,
the pleasant feeling too
665
အနိစ္စာ၊
အမြဲမရှိ။
aniccā,
is impermanent
666
သင်္ခါတာ၊
ပစ္စည်းတရားတို့သည်ပေါင်း၍ပြုပြင်အပ်၏။
saṅkhātā,
is conditioned by causes
667
ပဋိစ္စသမုပ္ပန္နာ၊
အကြောင်းကိုစွဲ၍ ဖြစ်၏။
paṭiccasamuppannā,
is evolved reason of the law of causation
668
ခယဓမ္မာ၊
ကုန်တတ်သောသဘော ရှိ၏။
khayadhammā,
has the nature of loss
669
ဝယဓမ္မာ၊
ပျက်တတ်သော သဘော ရှိကုန်၏။
vayadhammā,
has the nature of destruction
670
ဝိရာဂ ဓမ္မာ၊
တပ်ခြင်းကင်းသော သဘောရှိ၏။
virāga dhammā,
has the nature of absence of lust
671
နိရောဓ ဓမ္မာ၊
ချုပ်တတ်သောသဘော ရှိ၏။
nirodha dhammā,
has the nature of cessation
672
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
673
ခေါ၊
စင်စစ်။
kho,
in fact
674
ဒုက္ခာပိ ဒေဝနာ၊
ဒုက္ခဝေဒနာသည်လည်း။
dukkhāpi devanā,
the painful feeling too
675
အနိစ္စာ၊
အမြဲမရှိ။
aniccā,
is impermanent
676
သင်္ခတာ၊
ပစ္စည်းတရားတို့သည် ပေါင်း၍ပြုပြင်အပ်၏။
saṅkhatā,
is conditioned by causes
677
ပဋိစ္စသမုပ္ပန္နာ၊
အကြောင်းကိုစွဲ၍ ဖြစ်၏။
paṭiccasamuppannā,
is evolved reason of the law of causation
678
ခယဓမ္မာ၊
ကုန်တတ်သော သဘောရှိ၏။
khayadhammā,
has the nature of loss
679
ဝယဓမ္မာ၊
ပျက်တတ်သော သဘောရှိ၏။
vayadhammā,
has the nature of destruction
680
ဝိရာဂဓမ္မာ၊
တပ်ခြင်းကင်းသော သဘော ရှိ၏။
virāgadhammā,
has the nature of absence of lust
681
နိရောဓ ဓမ္မာ၊
ချုပ်တတ်သောသဘော ရှိ၏။
nirodha dhammā,
has the nature of cessation
682
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
683
ခေါ၊
စင်စစ်။
kho,
in fact
684
အဒုက္ခမသုခါပိဝေဒနာ၊
အဒုက္ခမသုဝေဒနာသည်လည်း။
adukkhamasukhāpivedanā,
the feeling neither pleasant nor painful too
685
အနိစ္စာ၊
အမြဲမရှိ။
aniccā,
is impermanent
686
သင်္ခါတာ၊
ပစ္စည်းတရားတို့သည်ပေါင်း၍ပြုပြင်အပ်၏။
saṅkhātā,
is conditioned by causes
687
ပဋိစ္စသမုပ္ပန္နာ၊
အကြောင်းကိုစွဲ၍ ဖြစ်၏။
paṭiccasamuppannā,
is evolved reason of the law of causation
688
ခယဓမ္မာ၊
ကုန်တတ်သောသဘော ရှိ၏။
khayadhammā,
has the nature of loss
689
ဝယဓမ္မာ၊
ပျက်တတ်သောသဘော ရှိ၏။
vayadhammā,
has the nature of destruction
690
ဝိရာဂဓမ္မာ၊
တပ်ခြင်းကင်းသော သဘောရှိ၏။
virāgadhammā,
has the nature of absence of lust
691
နိရောဓဓမ္မာ၊
ချုပ်တတ်သော သဘော ရှိ၏။
nirodhadhammā,
has the nature of cessation
692
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
694
ပဿံ ပဿန္တော၊
ရှုသော။
passaṃ passanto,
seeing/ perceiving
695
သုတဝါ၊
အကြားအမြင်ရှိသော။
sutavā,
having knowledge
696
အရိယသာဝကော၊
ဘုရားတပည့်သားတော်သည်။
ariyasāvako,
the Buddha's disciple/ the noble person
697
သုခါယ၊
သုခဖြစ်သော။
sukhāya,
being pleasant
698
ဝေဒနာပိ၊
ဝေဒနာ၌လည်း။
vedanāpi,
in the feeling
699
နိဗ္ဗိန္ဒတိ၊
ငြီးငွေ့၏။
nibbindati,
is wearied
700
ဒုက္ခာယ၊
ဒုက္ခဖြစ်သော။
dukkhāya,
being painful
701
ဝေဒနာယပိ၊
ဝေဒနာ၌လည်း။
vedanāyapi,
in the feeling
702
နိဗ္ဗိန္ဒတိ၊
ငြီးငွေ့၏။
nibbindati,
is wearied
703
အဒုက္ခမသုခါယ၊
အဒုက္ခမသုခဖြစ်သော။
adukkhamasukhāya,
being neither pleasant nor painful
704
ဝေဒနာယပိ၊
ဝေဒနာ၌လည်း။
vedanāyapi,
in the feeling
705
နိဗ္ဗိန္ဒတိ၊
ငြီးငွေ့ရာ၏။
nibbindati,
is wearied
706
နိဗ္ဗိန္ဒံ နိဗ္ဗိန္ဒန္တော၊
ငြီးငွေ့သောသူသည်။
nibbindaṃ nibbindanto,
one who is wearied
707
ဝိရဇ္ဇတိ၊
တပ်ခြင်းကင်း၏။
virajjati,
detatches oneself
708
ဝိရာဂါ၊
တပ်ခြင်းကင်းခြင်းကြောင့်။
virāgā,
due to the detatchment oneself
709
ဝိမုစ္စတိ၊
ကိလေသာမှလွတ်၏။
vimuccati,
is free from defilement
710
ဝိမုတ္တသ္မိံ၊
ကိသေသာမှ လွတ်သောအရဟတ္တဖို၌။
vimuttasmiṃ,
in the Arahatta fruition that is free from defilement
711
ဝိမုတ္တော၊
ကိလေသာမှလွတ်သည်။
vimutto,
being from from defilement
714
ဉာဏံ၊
ပစ္စဝေက္ခနာဉာဏ်သည်။
ñāṇaṃ,
the knowledge of reviewing
715
ဟောတိ၊
ဖြစ်၏။
hoti,
arises
716
ဇာတိ၊
ပဋိသန္ဓေနေခြင်းသည်။
jāti,
being conveived/ conception
717
ခီဏာ၊
ကုန်ပြီ။
khīṇā,
has finished/ gone
718
ဗြဟ္မစရိယံ၊
မြတ်သောမဂ်တည်းဟူသော သီတင်းသုံးခြင်းကို။
brahmacariyaṃ,
the noble practice that is the path
719
ဝုသိတံ၊
သုံးအပ်ပြီ။
vusitaṃ,
has been practised/ observed
720
ကရဏီယံ၊
ပြုအပ်သောတစ်ဆယ့်ခြောက်ပါးသောမဂ်ကိစ္စကို။
karaṇīyaṃ,
sixteen functions of the path
721
ကတံ၊
ပြုအပ်ပြီ။
kataṃ,
has been done
722
ဣတ္ထတ္တာယ၊
တစ်ဆယ့်ခြောက်ပါးသောမဂ်ကိစ္စကိုလို့ငှာ။
itthattāya,
for the sake of the sixteen functions
723
အပရံ၊
တစ်ပါးသော ပြုဖွယ်ကိစ္စသည်။
aparaṃ,
another function (apart from those sixteen)
724
န၊
မရှိပြီ။
na,
there is not
726
ပဇာနာတိ၊
အပြားအားဖြင့် သိ၏။
pajānāti,
knows clearly
727
အဂ္ဂိဝေဿန၊
အဂ္ဂိဝေဿန။
aggivessana,
Aggivessana,
728
ခေါ၊
စင်စစ်။
kho,
in fact
730
ဝိမုတ္တစိတ္တော၊
ကိလေသာမှလွတ်သောစိတ်ရှိသော။
vimuttacitto,
having the mind being free from defilement
731
ဘိက္ခု၊
ရဟန်းသည်။
bhikkhu,
the monk
732
ကေနစိ၊
တစ်စုံတစ်ယောက်သော သဿတအယူ ဥစ္ဆေဒအယူ ရှိသောသူနှင့်။
kenaci,
with (a certain) one who holds the view of eternity and innihilation
733
န သံဝဒတိ၊
မပြောဆို။
na saṃvadati,
does not speak
734
ကေနစိ၊
တစ်စုံတစ်ယောက်သော သဿတအယူ ဥစ္ဆေဒအယူရှိသောနှင့်။
kenaci,
with (a certain) one who holds the view of eternity and innihilation
735
နဝိဝဒတိ၊
မငြင်းခုံ။
navivadati,
does not argue
736
ယဉ္စ၊
အကြင်ဣတ္ထိ ပုရိသ အစရှိသော ဝေါဟာရကိုလည်း။
yañca,
the term 'woman and man'
737
လောကေ၊
လောက၌။
loke,
in the world
738
ဝုတ္တံ၊
ဆိုအပ်၏။
vuttaṃ,
should be said
739
တေန ဝေါဟာရေန၊
ထိုဣတ္ထိ ပုရိသ အစရှိသောဝေါဟာရဖြင့်။
tena vohārena,
by the term 'woman and man, etc.'
740
ဝေါဟရတိ၊
ပြောဆို၏။
voharati,
speaks
741
အပရာမသတိ၊
မှားသောအားဖြင့် မသုံးသပ်။
aparāmasati,
does not consider/reflect wrongly
742
တေန ခေါ ပန သမယေန၊
ထိုအခါ၌။
tena kho pana samayena,
at that time
743
အာယသ္မာ သာရိပုတ္တော၊
အရှင်သာရိပုတ္တရာသည်။
āyasmā sāriputto,
Venerable Sariputta
744
ဘဂဝတော၊
မြတ်စွာဘုရား၏။
bhagavato,
of the Buddha
745
ပိဋ္ဌိတော၊
နောက်မှ။
piṭṭhito,
from the back
746
ဘဂဝန္တံ၊
မြတ်စွာဘုရားကို။
bhagavantaṃ,
the Buddha
747
ဗီဇမာနော၊
ရပ်ခပ်လျက်။
bījamāno,
fanning
748
ဌိတော၊
တည်သည်။
ṭhito,
standing
750
အထ ခေါ၊
ထိုအခါ၌။
atha kho,
at that time
751
အာယသ္မတော သာရိပုတ္တဿ၊
အရှင်သာရိပုတ္တရာအား။
āyasmato sāriputtassa,
to Venerable Sariputta
752
ဧတံ ဧသော ပရိဝိတက္ကော၊
ဤသို့သောအကြံသည်။
etaṃ eso parivitakko,
such a thought
753
အဟောသိ၊
ဖြစ်၏။
ahosi,
arises
754
ကိံ အဟောသိ၊
အဘယ်သို့ ဖြစ်သနည်း။
kiṃ ahosi,
how does it arise?
756
ဘဂဝါ၊
မြတ်စွာဘုရားသည်။
bhagavā,
Buddha
757
တေသံ တေသံ ဓမ္မာနံ၊
ထိုထိုသို့သော တရားတို့၏။
tesaṃ tesaṃ dhammānaṃ,
(of) such and such dhammas
758
အဘိညာ အဘိညာယ၊
ထူးသောဉာဏ်ဖြင့်သိ၍။
abhiññā abhiññāya,
having realised by supernormal knowledge
759
ပဟာနံ၊
ပယ်ခြင်းကို။
pahānaṃ,
abandoning
760
အာဟ ကိရ၊
ဟောတော်မူသတတ်။
āha kira,
preaches
762
သုဂတော၊
ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်။
sugato,
the Buddha who speaks well/ who speaks good words
763
တေသံ တေသံ ဓမ္မာနံ၊
ထိုထိုသို့သော တရားတို့၏။
tesaṃ tesaṃ dhammānaṃ,
(of) such and such dhammas
764
အဘိညာ အဘိညာယ၊
ထူးသောဉာဏ်ဖြင့်သိ၍။
abhiññā abhiññāya,
having realised by supernormal knowledge/power
765
ပဋိနိဿဂ္ဂံ၊
စွန့်ခြင်းကို။
paṭinissaggaṃ,
discarding/ abandonment
766
အာဟ ကိရ၊
ဟောတော်မူသတတ်။
āha kira,
preaches
767
ဣတိ ဧတံ ဧသော ပရိဝိတက္ကော၊
ဤသို့သောအကြံသည်။
iti etaṃ eso parivitakko,
such a thought
768
အဟောသိ၊
ဖြစ်၏။
ahosi,
arises
770
ပဋိသဉ္စိက္ခတော ပဋိသဉ္စိက္ခန္တဿ၊
ဆင်ခြင်သော။
paṭisañcikkhato paṭisañcikkhantassa,
reasoning/ considering
771
အာယသ္မတော သာရိပုတ္တဿ၊
အရှင်သာရိပုတ္တရားအား။
āyasmato sāriputtassa,
to Venerable Sariputta
772
အနုပါဒါယ၊
တစ်စုံတစ်ခုသော အာရုံကို မစွဲမူ၍။
anupādāya,
not clinging to/ not being attached to a certain object
773
အာသဝေဟိ၊
အာသဝေါတရားတို့မှ။
āsavehi,
from the cankers
774
စိတ္တံ၊
စိတ်သည်။
cittaṃ,
the mind
775
ဝိမုစ္စတိ၊
လွတ်၏။
vimuccati,
is free
776
ဒီဃနခဿ၊
ဒီဃနခအမည်ရှိသော။
dīghanakhassa,
(named) Dīghanakha
777
ပရိဗ္ဗာဇကဿ ပန၊
ပရိဗိုဇ်အား။
paribbājakassa pana,
(for/to) an ascetic
778
ဝိရဇံ၊
ကိသေလာတည်းဟူသော ကင်းသောမြူရှိသော။
virajaṃ,
being free from stain that is defilement
779
ဝီတမလံ၊
ကင်းသောကိလေသာတည်းဟူသော အညစ်အကြေးရှိသော။
vītamalaṃ,
being free from dirt that is defilement
780
ဓမ္မစက္ခုံ၊
သောတပတ္တိမဂ်ပညာသည်။
dhammacakkhuṃ,
the knowledge of the path of stream entry
781
ဥဒပါဒိ၊
ထင်ရားဖြစ်၏။
udapādi,
arises clearly
782
ကိံ ဥဒါပဒိ၊
အဘယ်သို့ ထင်ရှားဖြစ်သနည်း။
kiṃ udāpadi,
how does it arise?
783
ယံ ကိဉ္စိ၊
အလုံးစုံသော တရားသည်။
yaṃ kiñci,
every dhamma (thing)
784
သမုဒယဓမ္မံ၊
ဖြစ်ခြင်းသဘော ရှိ၏။
samudayadhammaṃ,
has the nature of arising
785
တံ သဗ္ဗံ၊
ထိုအလုံးစုံသော တရားသည်။
taṃ sabbaṃ,
that dhamma (thing)
786
နိရောဓဓမ္မံ၊
ချုပ်ခြင်းသဘော ရှိ၏။
nirodhadhammaṃ,
has the nature of cessation
788
ဓမ္မစက္ခုံ၊
သောတပတ္တိမဂ်ပညာသည်။
dhammacakkhuṃ,
the knowledge of the path of stream entry
789
ဥဒပါဒိ၊
ထင်ရှားဖြစ်၏။
udapādi,
arises clearly
790
အထ ခေါ၊
ထိုအခါ၌။
atha kho,
at that time
791
ဒီဃနခေါ၊
ဒီဃနခအမည်ရှိသော။
dīghanakho,
(named) Dīghanakha
792
ပရိဗ္ဗာဇေကော၊
ပရိဗိုဇ်သည်။
paribbājeko,
the ascetic
793
ဒိဋ္ဌဓမ္မော၊
မြင်အပ်ပြီးသော တရားရှိသည်ဖြစ်၍။
diṭṭhadhammo,
having seen the dhamma (the truth)
794
ပတ္တဓမ္မော၊
ရအပ်ပြီးသော တရားရှိသည်ဖြစ်၍။
pattadhammo,
having achieved/obtained the dhamma (the truth)
795
ပရိယောဂါဠဓမ္မော၊
သက်ဝင်အပ်ပြီးသော တရားရှိည်ဖြစ်၍။
pariyogāḷadhammo,
having penetrated the dhamma (the truth)
796
တိဏ္ဏဝိစိကိစ္ဆော၊
လွန်မြောက်ပြီးသော ဝိစိကိစ္ဆာရှိသည်ဖြစ်၍။
tiṇṇavicikiccho,
having overcome the sceptical doubt
797
ဝိဂက ကထံကထော၊
ကင်းပြီးသော သို့လော သို့လောဟု တွေးတောခြင်းရှိသည်ဖြစ်၍။
vigaka kathaṃkatho,
having freed from such and such doubtful thought
798
ဝေသာရဇ္ဇပ္ပတ္တော၊
ရွံ့ရှားခြင်းကင်းသော အဖြစ်သို့ ရောက်သည်ဖြစ်၍။
vesārajjappatto,
having attained to self-confidence/ perfect enlightenment
799
အပရပ္ပစ္စယော၊
ဘုရားမှတစ်ပါးသော ယုံကြည်အပ်သောသူမရှိသည်ဖြစ်၍။
aparappaccayo,
not believing in others other than the Buddha/ not relying on others other than the Buddha
800
သတ္တု၊
မြတ်စွာဘုရား၏။
sattu,
of the Buddha
801
သာသနေ၊
သာသနာတော်၌။
sāsane,
in the Sāsana (dispensation)
802
ဘဂဝန္တံ၊
မြတ်စွာဘုရားကို။
bhagavantaṃ,
to the Buddha
803
ဧတံ ဝစနံ၊
ဤစကားကို။
etaṃ vacanaṃ,
this word
804
အဝေါစ၊
လျှောက်၏။
avoca,
says
805
ကိံ အဝေါစ၊
အဘယ်သို့ လျှောက်သနည်း။
kiṃ avoca,
how he says?
806
ဘော ဂေါတမ၊
အရှင်ဂေါတမ။
bho gotama,
Oh, Gotama
807
အဘိက္ကန္တံ၊
အလွန်နှစ်လိုဖွယ်ရှိစွတကား။
abhikkantaṃ,
is very delightful
808
ဘော ဂေါတမ၊
အရှင်ဂေါတမ။
bho gotama,
Oh, Gotama
809
အဘိက္ကန္တံ၊
အလွန်နှစ်လိုဖွယ်ရှိစွတကား။
abhikkantaṃ,
is very delightful
810
ဘော ဂေါတမ၊
အရှင်ဂေါတမ။
bho gotama,
Oh, Gotama
811
သေယျထာပိ နာမ၊
ဥပမာမည်သည်ကား။
seyyathāpi nāma,
for example
812
နိက္ကုဇ္ဇိတံ ဝါ၊
မှောက်၍ထားအပ်သော အိုးကိုမူလည်း။
nikkujjitaṃ vā,
the pot being turned down
813
ဥက္ကုဇ္ဇေယျ သေယျထာပိ၊
လှန်၍ပြဘိသကဲ့သို့လည်းကောင်း။
ukkujjeyya seyyathāpi,
like showing the pot having been turned up/ like turning up the pot and showing it
814
ပဋိစ္ဆန္နံ ဝါ၊
ဖုံးလွှမ်း၍ထားအပ်သော ဝတ္ထုကို။
paṭicchannaṃ vā,
the thing that is covered
815
ဝိဝရေယျ သေယျထာပိ၊
ဖွင့်၍ ပြဘိသကဲ့သို့လည်းကောင်း။
vivareyya seyyathāpi,
like uncovering the thing and showing it/ like showing the thing having been uncovered
816
မုဠဿ၊
ခရီးမှားသောသူအား။
muḷassa,
to one who loses one's way
817
မဂ္ဂံ၊
ခရီးကို။
maggaṃ,
the (right) way/ path
818
အာစိက္ခေယျ သေယျထာပိ၊
ပြောကြားဘိသကဲ့သို့ လည်းကောင်း။
ācikkheyya seyyathāpi,
like directing/ showing/ informing
819
စက္ခုမန္တော၊
မျက်စိအမြင်ရှိသော သူတို့သည်။
cakkhumanto,
those who have good eyesight
820
ရူပါနိ၊
ရူပါရုံတို့ကို။
rūpāni,
the objects
821
ဒက္ခန္တိ၊
မြင်ကုန်လတ္တံ့။
dakkhanti,
will see
822
ဣတိ မနသိကရိတွာ၊
ဤသို့နှလုံးသွင်း၍။
iti manasikaritvā,
haivng attention to it/ having kept in mind
823
အန္ဓကာရေ၊
အမိုက်တိုက်၌။
andhakāre,
in the darkness
824
တေလပဇ္ဇောတံ၊
ဆီမီးတန်ဆောင်ကို။
telapajjotaṃ,
a torch/ an oil lamp
825
ဓာရေယျ သေယျထာပိ၊
ညှိထွန်းဘိ သကဲ့သို့လည်းကောင်း။
dhāreyya seyyathāpi,
like lighting
826
ဧဝမေဝ ခေါ၊
ဤအတူသာလျှင်။
evameva kho,
likewise
827
ဘောတာ ဂေါတမေန၊
အရှင်ဂေါတမသည်။
bhotā gotamena,
Lord Buddha
828
အနေကပရိယယာယေန၊
များစွာသော အကြောင်းဖြင့်။
anekapariyayāyena,
by different/ many reasons
829
ဓမ္မော၊
တရားကို။
dhammo,
the dhamma
830
ပကာသိတော၊
ပြတော်မူအပ်၏။
pakāsito,
shows/preaches clearly
831
ဧသာဟံ ဧသော အဟံ၊
ထိုအကျွန်ုပ်သည်။
esāhaṃ eso ahaṃ,
(that) I
832
ဘဂဝန္တံ ဂေါတမံ၊
အရှင်ဂေါတမကို။
bhagavantaṃ gotamaṃ,
Lord Buddha
833
သရဏံ၊
ကိုးကွယ်ရာဟူ၍။
saraṇaṃ,
refuge in
834
ဂစ္ဆာမိ၊
ဆည်းကပ်ပါ၏။
gacchāmi,
take
835
ဓမ္မဉ္စ၊
တရားတော်ကိုလည်း။
dhammañca,
the Dhamma too
836
သရဏံ၊
ကိုးကွယ်ရာဟူ၍။
saraṇaṃ,
refuge in
837
ဂစ္ဆာမိ၊
ဆည်းကပ်ပါ၏။
gacchāmi,
take
838
ဘဝံ ဂေါတမော၊
အရှင်ဂေါတမသည်။
bhavaṃ gotamo,
Lord Buddha
839
မံ၊
အကျွန်ုပ်ကို။
maṃ,
me
840
အဇ္ဇတဂ္ဂေ၊
ယနေ့ကိုအစပြု၍။
ajjatagge,
from now on/ from today
841
ပါဏုပေတံ၊
အသက်ထက်ဆုံး။
pāṇupetaṃ,
till death
842
သရဏံ၊
ကိုးကွယ်ရာဟူ၍။
saraṇaṃ,
refuge in
843
ဂတံ၊
ဆည်းကပ်အပ်သော။
gataṃ,
taking
844
ဥပါသကံ၊
ဒါယကာဟူ၍။
upāsakaṃ,
"a devotee"
845
ဓာရေတု၊
မှတ်တော်မူပါလော့။
dhāretu,
recognise/ hold
847
အဝေါစ၊
လျှောက်၏။
avoca,
says
848
စတုတ္ထံ၊
လေးခုမြောက်သော။
catutthaṃ,
the fourth
849
ဒီဃနခသုတ္တန္တံ၊
ဒီဃနခသုတ်သည်။
dīghanakhasuttantaṃ,
the discourse of Dīghanakha
850
နိဋ္ဌိတံ၊
ပြီးခြင်းသို့ ရောက်ပြီ။
niṭṭhitaṃ,
has come to an end/ has reached to an end